Saturday 13 June 2015

Lock ကျသွားတဲ့ Facebook အကောင့် ပြန်ယူနည်း

facbeook accuont unlock
Facebook account lock ကျတယ်ဆိုတဲ့ နေရာများ အကြောင်းပြချက် အမျိုးမျိုးနဲ့ ကျနိုင်သလို ပြန်ယူနည်းလည်း အမျိုးမျိုး ရှိပါတယ်။ ပြန်ယူနည်း အမျိုးမျိုးကတော့ ကိုယ်ရွေးရတာ မဟုတ်ပါဘူး။ Facebook က ရွေးပေးတာပါ။ အချို့အကောင့်ဆိုရင် ဖုန်းနံပါတ် ရိုက်ထည့်ပေးရုံနဲ့ ပြန်ရပါတယ်။ ဖုန်းနံပါတ်ဆီကို SMS ပို့ပြီး ရတဲ့ code နဲ့ ပြန်ဖွင့်ရတာပါ။ ယင်း နည်းလမ်းနဲ့ ကြုံခဲ့ရင် စင်္ကပြူ၊ မလေးရှားတို့လို နိုင်ငံရပ်ခြားမှာ နေထိုင်နေသူ မိတ်ဆွေကို အကူအညီတောင်းပါ။
ယခု ပြမယ့် ဖြေရှင်းနည်းကတော့ ID ကဒ် တောင်းတဲ့ ကိစ္စ ဖြစ်ပါတယ်။ Facebook ရဲက ပေါ်လစီ အရ မိမိရဲ့ မှတ်ပုံတင်ထဲက အမည်ကိုပဲ အသုံးပြုခွင့် ပေးပါတယ်။ မှတ်ပုံတင်လို့ဆိုတဲ့နေရာမှာ အနုပညာရှင်ဖြစ်င် အနုပညာရှင် ID အမည်ကိုလည်း သုံးလို့ရပါတယ်။ အဓိကကတော့ အစိုးရက အသိအမှတ်ပြုပြီး ထုတ်ပေးထားတဲ့ အမည်တစ်ခုခုဖြစ်ရန်လိုအပ်ခြင်း ဖြစ်ပါတယ်။
အမည်မှန် ရေးပါ။
ပထမ အဆင့်အနေနဲ့ First Name, Middle Name နဲ့ Last Name တို့ကို မှန်အောင်ဖြည့်ပါ။ အမည်က ၂ လုံးတည်းဆိုရင် Middle ကို ချန်ခဲ့ပါ။ လေးလုံး ဆိုရင် အဆင်ပြေသလို ခွဲထည့်ပါ။ အမည်ကို အင်္ဂလပ်လိုပဲ ထည့်တာကို ပို prefer ဖြစ်ပါတယ်။
မှတ်ပုံတင် သို့မဟုတ် ကျောင်းသားကဒ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် တင်ပါ
မှတ်ပုံတင် သို့မဟုတ်၊ ကျောင်းသားကဒ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် သို့မဟုတ် အစိုးရမှ ထုတ်ပေးသော ကဒ်တစ်ခုခုကို မိမိရဲ့ ဖုန်းနဲ့ ရှေ့ဘက်ကို ရိုက်၊ နောက်ဘက်ကို ရိုက်၊ ရိုက်ပီးရင် attach တွဲပါ။ လိုရမယ်ရ မိမိရဲ့ မျက်နှာပုံ ရှင်းရှင်းလင်းလင်း ပြထားတဲ့ ဓာတ်ပုံတစ်ပုံပါ တွဲပါ။ ပြီးရင် send, upload အစရှိသဖြင့် တို့ကို နှိပ်ပါ။
၂၄ နာရီ သို့မဟုတ် ၄၈ နာရီ ကြာရင် အကောင့်ကို ပြန်ဝင်ကြည့်ပါ။ ထိုနည်းတူစွာ ယင်း Facebook account ကို ဖွင့်ထားတဲ့ အီးမေးလ်ကိုလည်း ဝင်စစ်ပါ။ အများစုက Facebook တော့ သုံးနေပြီး Email ကျတော့ မသိကြတာ များပါတယ်။ ကံကောင်းရင်တော့ အီးမေးလ်စစ်စရာမလိုပဲ အကောင့်ကို ပြန်ရ ပါတယ်။ အကယ်၍ မိမိရဲ့ မှတ်ပုံတင်ထဲက အမည်နဲ့ FB ကို ပေးလိုက်တဲ့ အမည်သစ်က မတူသေးဘူးဆိုရင်တော့ မရပါဘူး။ အီးမေးလ်မှာ အမည်ရင်းကို ဖြည့်ပေးဖို့ ပြန်တောင်းပါလိမ့်မယ်။
အီးမေးလ်မှာ ပေးထားတဲ့ link ဝင်ပြီး Open the case ကို ပြန်လုပ်ရပါမယ်။ ပြီးရင် Step ကို အစကနေ ပြန်ပြီးတော့ လုပ်ရမှာ ဖြစ်ပါတယ်။
များသောအားဖြင့်ကနေ နည်းမှန်လမ်းမှန်၊ မှန်မှန်ကန်ကန် လုပ်သွးရင် အကောင့်ကို ၂၄ နာရီအတွင်း ပြန်ရပါတယ်။ :)
အော်ဒါနဲ့ မိမိသုံးနေကျ ဖုန်းသို့မဟုတ် ကွန်ပြူတာကနေပဲ အတတ်နိုင်ဆုံး ကြိုးစားပေးပါ။
အောင်ခမ်း (MMAS)

ပို့အမျိုးအစား

1 comments:

Unknown

အကိုအကောင့်reportထုတာကျသွားတာဘယ်လိုပြန်ယူရလဲအကိုကျေးဇူးပြုပြီးကူညီပါလားအကိုမေတ္တာရပ်ခံပါတယ်

မှတ်ချက်.. ကလေးဘာလေးပေးသွားလို့ရပါတယ်နော်